"ဟား"
"အရမ်းပျော်တာပဲသဲရယ်
ကိုအရမ်းစိတ်ချမ်းသာတယ်သိလား"
"ကိုကို"
"ဗျား"
"သဲလေးပြော ဘာပြောမှာလဲ"
"သဲကိုတကယ်ယူမှာလားဟင်"
"ဒါပေါ့ တကယ်ယူမှာပေါ့
မယူလို့လဲမရတော့ဘူးလေ ခုဆိုသဲကကို့မိန်းမဖြစ်နေပြီလေ"
"သဲ"
"ရှင်း"
"ကို့ကိုချစ်လား"
"ချစ်တယ်ကိုကို"
"ချစ်ရင် ကို့ဆန္ဒကိုလိုက်လျောပေးနော်
ကိုသဲနဲ့ဒီလိုလေးအမြဲနေချင်တယ် သဲခွင့်ပြုမှာလား"
"ဟို ဟိုလေ"
"လက်ခံပေးပါသဲရယ်နော်
ကိုသဲကိုအရမ်းချစ်လို့ပါ"
"အင်းပါ"
ပြောဟျောင့်တွေ"
"ငနိုင်မင်းဘယ်မှာလဲ မလာသေးဘူးလားကွား
ငါတို့အရမ်းကောင်းနေပြီ"
"အင်းလာခဲ့မယ်
ပစ္စည်းတွေကစုံပါတယ်နော်"
"စိတ်ချ ခါတိုင်းထက်ပိုစုံတယ်
ဒါနဲ့ငါတို့တွက်ရောပစ္စည်းပါလား"
"အင်း..ပါတယ်"
ဖုန်းလေးချပြီးဟန်ဇာသူမကိုပြုံးစိုက်ကြည့်ကာသူမလက်ကိုဆုတ်ကိုင်လိုက်သည်။
"ကိုတို့သွားရအောင်သဲ
မိုးကတော်ရုံနဲ့တိတ်မှာမဟုတ်ဘူး"
"ဟုတ် ကိုကို"
နှစ်ယောက်သားထိုနေရာကထွက်ခဲ့ကြသည် ဟန်ဇာနိုင်သူမကိုခေါ်လာသည်က မြို့စွန်မှ အိမ်အိုဟောင်းတခုသို့ဖြစ်သည်။
"ကိုကို ဒီကိုဘာလို့လာတာလဲ"
"မိုးကအရမ်းကြီးတာ မြို့အဝင်တံခါးတွေပိတ်လိုက်ပြီတဲ့ခဏကသူငယ်ချင်းဖုန်းဆက်ပြောတယ်
အဲ့ဒါကြောင့်ကိုတို့ဒီမှာပဲညအိပ်ရမယ်
သဲအကျီတွေလဲစိုနေတော့အခြောက်လှမ်းရမှာပေါ့"
မှန်ပါသည်သူမအဝတ်စားတွေစိုနေတော့တကိုယ်လုံးလဲတုန်ခိုက်ချမ်းနေပြီမို့သူမမငြင်းတော့ပါ
အိမ်အိုကြီးထဲဝင်လာတော့ သူမမျက်လုံးပြူးအံ့သြသွားရသည်မဟုတ်လား။
ဆက်ရန်မျှော်